Skip to product information
1 of 2

kalaw organic farm

Kalaw Organic Farm ပဲပုတ်စီကြော်

Regular price $9.99
Sold out

Product details

Kalaw Organic Farm ပဲပုတ်စီကြော်

Kalaw Organic Farmပဲပုတ်စီကြော်

ပဲပုပ်စေ့လေး လတ်လတ်ဆတ်ဆတ်ဆီလှိမ့်နှပ်ထားပါတယ်။ ပဲပုပ်စေ့ soya bean ကိုအလုံးအကြီးအသန့်လေးတွေပဲသုံးထားပါတယ်၊ ပဲစေ့ကို ရေအထပ်ထပ်သေချာဆေးကြောပီးမှာ မာဆတ်ဆတ်မဖြစ်အောင် သေချာကြာကြာလေးပေါင်းပီး ၂ညသိပ်ပဲနှပ်ထားပါတယ်ရှင်။ အခြားရောင်းသူတွေကတော့ အစေးထွက်အရောင်မဲ အချဉ်ပေါက်အောင် ၅-၆ရက်လောက်အပုပ်ခံပီးမှရောင်းကျပါတယ်။ အဲ့လိုအစေးထွက်ရင် ရေပြန်ဆေးပီးမှ ချက်ရပါတယ်၊ ၁ရက်ပဲထားခံပါတယ် ကြာကြာထားမခံပါဘူး။
ညီမကတော့ ဖွေးဖွေးသန့်သန့်လေးဖြစ်နေပီး နူးအိဆိမ့်နေအောင် ၂ညသိပ်ပဲနှပ်ပီး ညီမရောင်းတဲ့ အညာကမြေပဲဆီအစစ်နဲ့ ဆားလေးနည်းနည်းနဲ့ လှိမ့်ထားပေးပါတယ်ရှင်။ အပြင်မှာထားရင် ၂ပါတ်၊ ရေခဲသေတ္တာထဲထားရင် 4လရပါတယ်ရှင်။ ကြာကြာခံအောင် ဆီသန့်အများကြီးထည့်နှပ်ထားပေးပါတယ်။
▪️ဒီတိုင်းလေးကို ထောင်းစား၊ ကြက်သွန်ဖြူ ငရုတ်ကြမ်းမှုန့်လေးနဲ့ အစပ်စိုစိုလေးကြော်စား၊ ဂျူးဖူး/ကန်စွန်းရွက်လေးနဲ့ အချိုကြော်စား၊ ခရမ်းချဉ်သီးလေးနဲ့ ချဉ်စပ်လေးချက်စား၊ အသားနဲ့ အသားငပိဟင်းစပ်စပ်လေးချက်စား၊ ဘူးရွက်/ဂေါ်ရခါးရွက်လေးနဲ့ ဟင်းရည်ချက်စား အမျိုးမျိုးကိုချက်စားလို့ရပါတယ်ရှင်။
Kalaw Organic Farm ပဲပုတ်စီကြော်